မြောင်းမြ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ ပေသလပ်ကုန်း - ပြင်ရွာ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပေသလပ်ကုန်း - ပြင်ရွာလမ်းကို ၂ဝ၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် KKP- Tellus Co.,Ltd မှ ပေသလပ်ကုန်း-ပြင်ရွာလမ်း ကွန်ကရစ်ခင်းခြင်း (၀/၄ မိုင် x ၁၂ ပေ x ၇ လက်မ) ကို တာဝန်ယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးထွေးကိုကိုနှင့် မြောင်းမြခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သန္တာဝင်း တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာ ၁၉ ရွာ၊ ဒေသခံပြည်သူ ၁၉၇၆၈ ဦးတို့အား အကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်