Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ်၊ဆင်သေ‌ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်


09 Jun,2022

ရပ်စောက် ဇွန် ၉ 

 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ ရေးဝန်ကြီးဌာန ၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ရပ်‌စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာစေရန်၊ တစ်နိူင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတိုးချဲလုပ်ကိုင်ရန် လိုအပ်သောငွေအရင်းအနှီးများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်
ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြင်‌တောင်ကျေးရွာအုပ်စု ဆင်သေကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
 ရှေးဦးစွာ ရပ်စောက်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
 
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများ၊စီမံကိန်း ရည်ရွယ်ချက်များ၊အကျိုးကျေးဇူးများ ၊ အတိုးနူန်းနှင့်ကာလ သတ်မှတ်ချက်များ ကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊နှင့်ပတ်သက်၍ ကဏ္ဍာအလိုက် ရှင်းလင်း‌ ဆွေးနွေးကာ တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့်ရွေးချယ် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
  
အဆိုပါ ဆင်သေကျေးရွာ၌ ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားသို့ ရပ်စောက်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ ဝင်များ၊ကျေးရွာအုပ်ချုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှုး ဦး‌‌ ရှေးရယ်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm