ပေါက်ခေါင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသား တောင်သူများသို့ တစ်ဧကနှစ်သိန်းနှုန်းနှင့်ညီမျှသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ တို့အား ပေါက်ခေါင်းမြို့နယ်သမဝါယမဦးစီးဌာနက ငါးခူအိုင်ကျေးရွာရှိ ငွေလမင်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ ချောင်းခြားကျေးရွာရှိ ရွှေဝါဝင်းစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်၊ ဘန့်ပြင်ကျေးရွာရှိ တက်သစ်စစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်၊ အိုင်ဇောက်ကျေးရွာရှိ ဆန်းသစ်လွင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများမှ အသင်းသား ၆၀ ဦး၏ စိုက်ဧက ၃၀၀ အတွက် ငွေကျပ်သန်း ၆၀ နှင့် ညီမျှသောသွင်းအားစုများကို GW-11 နှင့် မှော်ဘီစပါးမျိုးများ စိုက်ပျိုးရန် အတွက် ပံ့ပိုးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်