တောင်ငူ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ပညာ/ကျန်းမာငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဂုဏ်တန်မူလွန်ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ၊ အသင်းအမှုဆောင်များနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးဗိုလ်၊ အခမ်းအနားမှူးအဖြစ် ဦးရွှေသောင်းက ဆောင်ရွက်ခဲ့သည်။ အသင်းမှ အသင်းသားများသို့ စုဆောင်းငွေပေါ်အတိုးငွေ ကျပ် ၁၁၇၃၃၀၇၅ ထုတ်ပေးခဲ့ပြီး အသင်းသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေ အဖြစ် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ၃ ဦးအတွက် ငွေကျပ် ၉၀၀၀၀ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်