Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


06 Oct,2023

ကံမ    အောက်တိုဘာ      ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင် ရွက်မည့် စီကျေးရွာမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းရန်နှင့် အကျိုးရှိစွာအသုံးချရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကံမကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး နှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် စီကျေးရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ ငွေကျပ်သိန်းသုံးရာကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် စီကျေးရွာမှ ကျေးရွာအဆင့်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm