Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မာန်အောင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာနှစ်ရွာ နဝမအကြိမ် ချေးငွေပြန်လည်ထုတ်ချေး”


05 Oct,2023

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်စီမံကိန်း ကျေးရွာ နှစ်ရွာဖြစ်သည့် သစ်ပုံအုပ်စု၊ အနောက်ပါးကျေးရွာနှင့် လက်မဲပြင်အုပ်စု၊ ဒိုးတန်းကျေးရွာ တို့တွင် အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းအချိန်က မာန်အောင်မြို့နယ်ကျေးလက်ဦးစီးဌာနမှ (ဦးစီးအရာရှိ)ဒေါ်ခင်မာဝင်း ၊ (ဒုတိယဦးစီးမှူး) ဒေါ်နွယ်နွယ်ဝင်း နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ က အဖွဲ့နှစ်ဖွဲ့ခွဲ၍ အနောက်ပါးကျေးရွာတွင် ကျပ်သိန်း(၄၇၇.၅)နှင့် ဒိုးတန်းကျေးရွာတွင် ကျပ်သိန်း (၄၁၉.၀)စီအား ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ ထုတ်ချေးပေးနေမှုအပေါ် စာရင်းဇယား များမှားယွင်းမှု မရှိစေရန် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

          ယခု ထုတ်ချေးသည့် အနောက်ပါးကျေးရွာတွင် အသင်းဝင် ၁၃၈ ဦးနှင့် ဒိုးတန်းကျေးရွာတွင် အသင်းဝင် ၁၁၉ ဦးတို့အား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်း အဝယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်