Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ရမ်းဗြဲမြို့နယ်၊သပြေကျွန်းကျေးရွာ၌ အဌမအကြိမ်မြောက်မြစိမ်းရောင်ချေးငွေများထုတ်ချေးပေး”


05 Oct,2023

ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အချွိန်ပြင်အုပ်စု၊သပြေကျွန်း ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလ(၇) နှစ် ပြည့်မြောက်သည့်အချိန်တွင် မြစိမ်းရောင် မတည်ရန်ပုံငွေလည်ပတ်မှုသည် သတ္တမအကြိမ်​မြောက်စက်ဝန်းဖြင့်လည်ပတ်ခဲ့ပြီးအတိုးရငွေ၏ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းဖောက်လုပ်ခြင်း(၈၀၀’x၁၀’x၂’)၊ ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း(၁’-၆”øx၁၂’) နှစ်စင်းပြုလုပ်ခြင်းနှင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း (၁၁-၁၀’’x၂၇’x၉’-၆”)  တို့အား ဆောင်ရွက်နိုင်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေချေးငွေများအား ယခု ၁၀/၂၀၂၃ လတွင် အ​ပြေအကြေပေးဆပ်ပြီးဖြစ်သောကြောင့် ယခုအခါ အဌမအကြိမ်ချေးငွေများအား အသင်းသား(၁၁၀)ဦးအတွက် လုပ်ငန်းအမျိုးအစားလိုက် ချေးငွေကျပ်(၄၂၀)သိန်းအား အတိုးနှုန်း(၁)ကျပ်ဖြင့် (၂)လတစ်ကြိမ်ပေးသွင်းရန်နှင့်၊ချေးငွေကာလ(၁၂)လအတွင်း အရင်း အ​ပြေ အကြေပေးဆပ်ရန် ကျေးရွာမြစိမ်းရောင်စီမံကိန်းအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာလ(၄) ရက်နေ့တွင် သပြေကျွန်းကျေးရွာ၌အသင်းသား (၁၁၀) ဦးအား ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့မှထုတ်ချေးပေးခဲ့ပါသည်။

အဆိုပါမြစိမ်းရောင်ကျေးရွာချေးငွေထုတ်ချေးပေးမှုအား ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီးမှူးဦးအောင်ထွန်းနှင့် ၊ တာဝန်ခံဝန်ထမ်းများမှ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm