Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


05 Oct,2023

လောက်ကိုင်                 အောက်တိုဘာ              ၅

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦး သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယင်းကွပ်ကဲမှုအောက်ရှိ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်း မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ၏ ဌာနတွင်းလုပ်ငန်း၊ စာရင်းဇယားများ စစ်ဆေးခြင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း‌ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာ‌‌ရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား အောက်တိုဘာလ(၃)ရက်မှ (၄)ရက်အထိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်နှင်းသဇင်ဦး၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများသည် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လောက်ကိုင်မြို့နယ်၊ ရွှေယင်စီးကျေးရွာအုပ်စု၊ ဝါစီကျိုင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)အား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း (၅၀၀’x၁၂’x၆’’) ဆောက်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော  မြင့်မြတ်စက်ကျော်ကုမ္ပဏီမှ မန်တုံပါးကျေးရွာအုပ်စု၊ မန်ချင်ကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အရှည် (၁)မိုင်၊  အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း (မြေသား+ သဲဗြုန်း) လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော Platinum Village ကုမ္ပဏီမှ မန်လော်ကျေးရွာအုပ်စု၊ ကြီးရှန်းကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အရှည် (၁)မိုင်၊  အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း (မြေသား+ သဲဗြုန်း) လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း မြေပြင်ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများကို ဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထား လိုက်နာ ဆောင်ရွက်သွားရန် တင်ဒါအောင် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်ချစ်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm