Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးသီးမြို့နယ်၊ နမ့်မောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေး


09 Jun,2022

ကျေးသီး  ဇွန်  ၉ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဝမ်စိမ်းကျေးရွာအုပ်စု၊  နမ့်မောင်းကျေးရွာရှိ ​ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး  မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဆင်းရဲမှုနူန်းကိုလျော့ချနိူင်စေရန်နှင့် တစ်နိူင်တပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစုဝင်ငွေတိုးစီးပွာရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိူင် စေရန် ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာအရောက် ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
 
 
 ရှေးဦးစွာ ​ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးအေးနိူင်က ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင် အသင်းသူ/အသင်းသားများ၊ ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများ၊ အတိုး နူန်းနှင့်ကာလ သတ်မှတ်ချက်များကို ရှင်းလင်း‌ပြောကြားကာ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေများအား မြစိမ်းရောင်‌ ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန် ခံဝန်ထမ်းများက ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ နမ့်မောင်းကျေးရွာတွင် စိုက်ပျိုး ရေး၊ မွေးမြူရေး နှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ  စုစုပေါင်း အသင်းသူ/သား (၅၇)ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၃၀၀) သိန်း အား  ကျေးရွာသူ/သားများ၏ တစ်ဦးချင်း လက်ဝယ်အရောက်  ထုတ်ချေးပေးခဲ့ ကြောင်း ​ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​အေးနိူင်ထံ မှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm