Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ်၌ ကျေးရွာချင်းဆက် မြေနီကျောက်စရစ်လမ်းခင်းနိုင်ရေး စစ်ဆေး


06 Oct,2023

မင်းဘူး အောက်တိုဘာ ၅

           မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေပြီး လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ချောင်းဖြူ - ဆင်လမ်းကြီး ကျေးရွာချင်းဆက် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရွှေစင်ဦးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ချောင်းဖြူ-ဆင်လမ်းကြီးကျေးရွာချင်းဆက် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ရွှေစင်ဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

            ချောင်းဖြူ-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း အရှည် ၂ ဒသမ ၄ မိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၀ ဖြင့် ဦးထိပ်ပန်ကုမ္ပဏီက ယခုနှစ် အောက်တိုဘာလ ဒုတိယပတ် တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ချောင်းဖြူကျေးရွာနှင့် ဆင်လမ်းကြီးကျေးရွာရှိ ကျေးလက်နေ ပြည်သူများ၏လယ်ယာမြေများမှ ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm