နေပြည်တော် အောက်တိုဘာ ၅
အရည်အသွေးစစ်ဆေးခြင်းနှင့် အကြိုကွင်းဆင်း၍ ဖြစ်တန်စွမ်းလေ့လာခြင်းဆိုင်ရာ အသိ ပညာ နှီးနှောဖလှယ်ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃၆)၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာ ဆိုင်ရာများကို Knowledge Sharing ပုံမှန်ပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြား ချက်နှင့်အညီ လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက Quality Control ပိုင်းဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် အခြေခံအဆောက်အအုံများအတွက် အကြိုကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အကာအကွယ်ဆိုင်ရာ စစ်ဆေးခြင်း (Feasibility Study and Safeguard) တို့ကို ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် အကျိုးပြုလုပ်ငန်းများသည် အရည်အသွေးပိုင်း ဆိုင်ရာ အာမခံချက်ရှိရေး အလွန်အရေးကြီးပြီး ဒေသ၏ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိစေရေး၊ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ အမှန်တကယ် အကျိုးရှိ ထိရောက်မှုဖြစ်စေရေးတို့အတွက် အကြို ကွင်းဆင်းကာ ဖြစ်တန်စွမ်းလေ့လာမှုကို ပြီးပြည့်စုံစွာ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဦးစီးဌာနတစ်ခုချင်းအလိုက် အားနည်းချက်၊ အားသာချက်၊ တွေ့ရှိသုံးသပ်အကြံပြုချက်များ ကွဲပြား နိုင်ပြီး Knowledge Sharing လုပ်ပေးခြင်းဖြင့် အားသာချက်များ ပေါင်းစည်း၍ အားနည်းချက်များ လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊
တည်ဆောက်ရေးလုပ်ငန်းများအား မြေပြင်လိုအပ်ချက်နှင့် ကိုက်ညီသော ဒီဇိုင်းရရှိရေး အကြိုကွင်းဆင်း စစ်ဆေးခြင်းအပိုင်းသည် အရေးကြီးပြီး သတ်မှတ်ဒီဇိုင်းအတိုင်း အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး အရည်အသွေးစစ်ဆေးခြင်းအပိုင်းသည်လည်း အရေးကြီးသဖြင့် အဆိုပါလုပ်ငန်း (၂) ခုလုံးကို စနစ်တကျဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ မဆောင် ရွက်မီ ကြိုတင်လုပ်ဆောင်ရသည့် အပိုင်းရှိသကဲ့သို့ ဆောင်ရွက်ဆဲကာလမှာလည်း စစ်ဆေးရမည့် အပိုင်းများ ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းများ ပိုမိုအရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူအကျိုးပြုလုပ်ငန်းများကို အကျိုးရှိ ထိရောက်စွာဖြင့် အရည်အသွေး ပြည့်ဝရေးအတွက် ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား QC နှင့် FS ပိုင်းဆိုင်ရာများ ကို အလေးထားဂရုပြု ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာများ ဖြည့်စွက်ရှင်းလင်း ဆွေးနွေး သည်။
ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်အောင်က ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအတွက် Quality Control ပိုင်းဆိုင်ရာများ အားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက ကျေးလက်အခြေခံအဆောက်အအုံများအတွက် အကြိုကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အကာအကွယ် ဆိုင်ရာ စစ်ဆေးခြင်းများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး အသိပညာများ မျှဝေခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။