Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ်၊ ကျောင်းရွာ ကျေးရွာတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း


05 Oct,2023

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျောင်းရွာ  ကျေးရွာအုပ်စု၊   ကျောင်းရွာကျေးရွာ၌  ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦး၊  မအူပင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး ဦးဆောင်သောအဖွဲ့မှ ၀၅.၁၀.၂၀၂၃  ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး၊ အင်ဂျင်နီယာများအဖွဲ့နှင့်  ကျေးရွာတာဝန်ခံများသည်  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ  လမ်းအရှည်  ၁၀၀၀ ပေ၊   လမ်းအကျယ် ၁၀ ပေ၊ အမြင့် ၆  လက်မထုဖြင့်ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ အမှိုက်ကင်းစင်ကျေးရွာဖြစ်ရေးတစ်စမြင်တစ်စကောက်စနစ်ကျင့်သုံးဆောင်ရွက်ရန်နှင့် Mobile Solar ရေသန့်စင်စနစ်   ဆောင်ရွက်မည့်အခြေအနေများအား   ကြည့်ရှု့စစ်ဆေးခဲ့ပြီး  ကွန်ကရစ်လမ်းရေရှည်အသုံးပြုနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအပါအဝင် ကျေးရွာသူကျေးရွာသားများမှ စုပေါင်းထိန်းသိမ်းကြရန်ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအားမှာကြားခဲ့ပြီး လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ    ကျောင်းရွာကျေးရွာ၌    ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုနိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀)သန်းနှင့် ကျေးရွာမှပြည်သူထည့်ဝင်လှူဒါန်းငွေကျပ်(၅.၀)သန်းစုစုပေါင်းငွေကျပ် (၂၀.၀) သန်းဖြင့်  မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏နည်းပညာပံ့ပိုးမှု၊  အနီးကပ်စောင့်ကြည့်ကြီးကြပ်မှုများနှင့်    ကျေးရွာသူကျေးရွာသားများ    ကိုယ်တိုင်စက်တင်ဘာလ ပထမအပတ်မှ  စတင်၍ဆောင်ရွက်ခဲ့ရာ  လုပ်ငန်း(၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊  အဆိုပါလုပ်ငန်းပြီးစီးပြီဖြစ်ပါသဖြင့်ကျေးရွာရှိ အိမ်ထောင်စု(၂၃၅)စု၊လူဦးရေ(၉၅၀)ဦးတို့မှာလမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စွာသွားလာနိုင်မည်သာမက ကျေးလက်နေပြည်သူများ၏ စည်းလုံးညီညွှတ်မှု၊ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်များ၊   လုပ်ငန်းအပေါ်စီမံနိုင်မှုများ၊   မိမိရပ်ရွာအတွက်ဖွံ့ဖြိုးမှုလိုလားသော ကျေးလက်ဖွံ့ဖြိုးရေးစိတ်ဓါတ်များယခင်ထက်တိုးပွားလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm