ဖျာပုံ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ပဆင- ခရိုင်ဘော်-တမံကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဖျာပုံ-အပြောင်- ကျီးနှစ်ပင်လမ်းပေါ်ရှိ အပြောင် ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဆင- ခရိုင်ဘော်- တမံကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၀/၄ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ခုနစ်လက်မ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖျာပုံ- အပြောင်-ကျီးနှစ်ပင်လမ်းပေါ်ရှိ အပြောင် ချောင်းကူးတံတား အရှည်ပေ ၁၂ဝ အကျယ်ပေ ၂၀ ရှိ ကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများ အောက်တိုဘာ ၂ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်