ပူတာအို၊ အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံးစွတ်ရပ်ကွက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ပထမဆုံးတည်ဆောက်ထားသည့် ဆန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၁၈ တန်ကျဆန်စက်သည် ယခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဆန်စက်မှ သုံးလအတွင်း စပါးတင်းပေါင်း ၁၆၅၆၂ တင်း ကြိတ်ခွဲနိုင်ခဲ့ရာ ဆန်အနေဖြင့် တင်းပေါင်း ၇၅၀၀ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဆန်စက်အသေးဖြင့် ကြိတ်ခွဲမှုထက် စပါး ၁၀ တင်း လျှင် စပါးတစ်တင်းခွဲ ပိုမိုထွက်ရှိသဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ဆန်လိုအပ်ချက်ကို အမှန်တကယ် တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်သည်။ ဆန်စက်မှထွက်ရှိသည့် ဖွဲနု၊ စပါးခွံများ အား တိရစ္ဆာန်အစာအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်းကောင်း အကျိုးရှိစွာ အသုံးပြုနိုင်ပြီး ယခုအဆင့်မြင့် ၁၈ တန်ကျ ဆန်စက်တည်ရှိလာသဖြင့် ဒေသခံပြည်သူများအတွက် များစွာအကျိုးရှိနေပြီဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်