ကျိုက်လတ် အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွန်ကရစ်တံတား တည်ဆောက်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများအား အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှု
အဆိုပါလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကို ဦးဆောင်၍ဖျာပုံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ပဆင- ဂွေးချောင်းကြီး ကျေးရွာအဝင် (ပေ ၅၀ x ပေ ၂၀) ကွန်ကရစ်တံတား၊ အောက်ဆင်ကူး-အထက်ဆင်ကူး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ(ပေ ၅၀x၁၆ ပေ)ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Light Green ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အောက်ဆင်ကူး-အထက်ဆင်ကူး- ဖောင်ရိုးဆိပ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ ပဆင-ဂွေးချောင်းကြီး ကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျေးရွာခုနစ်ရွာရှိ ပြည်သူ ၂၂၂၇ ဦး၊ အောက်ဆင်ကူး- အထက်ဆင်ကူး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျေးရွာ ၂၄ ရွာရှိ ပြည်သူ ၇ဝ၈၂၆ ဦး၊ အောက်ဆင်ကူး- အထက်ဆင်ကူး - ဖောင်ရိုးဆိပ် ကျေးရွာချင်းဆက် ကျောက်ချောလမ်းပြီးစီးပါက ကျေးရွာ ၁၇ ရွာရှိ ကျေးလက်နေပြည်သူ ၅၈၁၁ ဦးတို့ အသုံးပြုနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
သပြေထွန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်