Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုရားကြီးကုန်းကျေးရွာ၌ Cash For Workစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း ပြုလုပ်


08 Jun,2022

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   ကိုဗစ်-၁၉ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဘုရားကြီးကုန်းကျေးရွာ၌ အကောင်းအထည်ဖော်ဆောင်ရွက်မည့် Cash for Workစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၇ရက်က အဆိုပါကျေးရွာရှိ ရွာလည်ဓမ္မာရုံမှာ ပြုလုပ်သည်။

          ရှေ့ဦးစွာ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က စီမံကိန်းအကြောင်းအရာများ၊လုပ်ငန်းစဉ်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို မိတ်ဆက်ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်သင်းအိအိဖြိုးက ကော်မတီ ဖွဲ့စည်းရာတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ကြောင်း သိရသည်။

          ဘုရားကြီးကုန်းကျေးရွာရှိ Cash For Workစီမံကိန်းအတွက် ကျေးရွာကော်မတီဝင် ၇ဦးကို အဆိုပါကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm