Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ် လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


05 Oct,2023

တန့်ယန်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၆ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တန့်ယန်းမြို့နယ် လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကုန်ထုတ်တံတားတည်ဆောက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် မြို့နယ် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတားတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတား အရှည် ၁၄ ပေ အကျယ် ၁၈ ပေ၊ အမြင့် ကိုပေထု ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၆ သန်းဖြင့် တင်ဒါ အောင်မြင်သည့်ကုမ္ပဏီမှ စက်တင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတားဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ အိမ်ခြေ ၈၃ အိမ်၊ လူဦးရေ ၃၈၈ ဦးတို့၏ စိုက်ပျိုးမြေဧက ၈၇ ကျော်ကို အကျိုးပြုနိုင်မှာ ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေ ဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm