တောင်တွင်းကြီး အောက်တိုဘာ ၄
မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး ယင်းမလည်ချောင်းမှ ချောင်းရေလျှံမှုကြောင့် သဘာဝဘေးဖြစ်ပွားခဲ့သည့် နေရာများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းနေအောင်ဆန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ယင်းမလည်ချောင်း ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားပျက်စီးခဲ့သည့် ပုဂံကုန်းကျေးရွာရှိ သစ်သားတံတားနှင့် ဇီးတောကျေးရွာအုပ်စု သပြေပင်-ဆိတ်ဖူးကျင်းလမ်းပေါ်ရှိ BOX ပါသောရေကျော်တွင် အရှည် ၆၈ ပေ ပြုတ်ထွက်ပျက်စီးမှု၊ ချဉ်းကပ်လမ်း ပေ ၈၀ ရေတိုက်စားမှုနှင့် လက်ရှိဆောင် ရွက်ထားရှိမှုများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဝါးခြမ်းကာကျေးရွာတွင်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ထွေးက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဇော်ဘီ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်