အိမ်မဲ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ၂၀၂၃ - ၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် တူးမြောင်းတံတား ချဉ်းကပ်လမ်းကွန်ကရစ်ခင်းခြင်း (၀/၂.၂ မိုင် × ၁၂' x ၇") လုပ်ငန်းကို တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကိုနှင့် မြောင်းမြခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သန္တာဝင်းတို့က ယနေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာအုပ်စု ၁၆ အုပ်စု၊ ကျေးရွာ ၁၃၄၄ ရွာ၊ လူဦးရေ ၆၀၁၆ ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်