Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထူးထောက်ပံ့ရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် ဆိုလာအသေးစားလျှပ်စစ်ဓါတ်အားပေးစနစ်စီမံကိန်းများအတွက် စီမံကိန်းအဆိုပြုလွှာဖွင့်ပွဲအခမ်းအနားကျင်းပ


04 Oct,2023

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထူး ထောက်ပံ့ ရန်ပုံငွေ(၂၀၂၃)ဖြင့် ဆိုလာအသေးစားလျှပ်စစ်ဓါတ်အားပေးစနစ်စီမံကိန်းများ အတွက်  စီမံကိန်းအဆိုပြုလွှာဖွင့်ပွဲအခမ်းအနားကို (၄-၁၀-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က စီမံကိန်းအဆိုပြုလွှာဖွင့်ပွဲ အမှာစကားပြောကြားသည်။

ဆက်လက်၍ စီမံကိန်းအဆိုပြုလွှာတင်သွင်းလာသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများကို တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm