ညောင်တုန်း အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက ကျုံပလောင်-ငါးသန့်ချောင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ စက္ကော့-အင်းမကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း ၊ လုပ်ငန်းတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ညောင်တုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးစိုးမြင့်ဌေးနှင့် တင်ဒါအောင် ကုမ္ပဏီများ၏ လမ်းတာဝန်ခံ အင်ဂျင်နီယာတို့က လမ်းခင်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်