မအူပင် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများကကွင်းဆင်း စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက ဘီးလင်း-စစ်ချောင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် သောင်တန်း- တံခွန်တိုင်-မီးသွေးချောင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) (တာဝန်)ဒေါ်ထက်မြတ်မွန်တို့က လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ကုမ္ပဏီ၏တာဝန်ခံ အင်ဂျင်နီယာများက မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်