Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၊ဦးကြူးစုကျေးရွာ၌ ကျေးရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး


08 Jun,2022

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဦးကြူးစုကျေးရွာ၌ မြစိမ်းရောင်အတိုးရရှိငွေများဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းမှာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှှသိရသည်။

         ဖြူးမြို့နယ်၊ဦးကြူးစုကျေးရွာတွင်မြစိမ်းရောင်အတိုးရရှိငွေဖြင့်ကျေးရွာတွင်း  ကျောက်ရော  မြေခင်းခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးသိန်းကျော် နှင့်ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးကူညီမှုတို့ဖြင့် ကျေးရွာပြည်သူ ကိုယ်တိုင် ၂၀၂၂ခုနှစ် မေလ ပထမအပတ်မှစတင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါတွင် လုပ်ငန်း များ အားလုံးပြီးစီးပြီးဖြစ်ကြောင်းသိရသည်။

         အဆိုပါကျေးရွာမြစိမ်းရောင်စီမံကိန်းမှ အတိုးရရှိငွေကျပ် ၆၉သိန်း အသုံးပြု၍ အရှည်ပေ ၁၅၄၀၊အကျယ် ၁၂ပေ၊ထု ၉လက်မရှိသော ကျေးရွာတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်နိုင်ပြီးဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၈၅အိမ်၊ လူဦးရေ ၄၃၀ဦးတို့၏ စီးပွားရေး၊လူမှုရေးနှင့်ကျန်းမာရေးအတွက် များစွာအကျိုးပြုလျက်ရှိကြောင်း ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးသိန်းကျော်ကပြောပြ၍  သိရ သည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm