Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုလွင်ပြင်ပတ်လမ်း၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


05 Oct,2023

ပူတာအို အောက်တိုဘာ ၄

          ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် ပူတာအိုလွင်ပြင်ပတ်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့က အကောင်အထည်ဖော်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂ ရက်က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

          ရှေးဦးစွာ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပမ္မတီး-နမ်ရှယ်-မလိခေါမ်လမ်းတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၃၆၄ ဒသမ ၀၁၀ သန်းဖြင့် တစ်မိုင်လေးဖာလုံတွင် သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းခွင်အတွင်း စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

          ဆက်လက်၍ ပူတာအိုလွင်ပြင်ပတ်လမ်းတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပူတာအို-လယ်မယ်ဝါချီ- နမ်ရှယ်ကော့ - မန်စေခွန် - မန်စေ လမ်းပိုင်းတွင် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၆ မိုင် ၃ ဖာလုံကို လမ်းအပိုင်းအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ခရိုင်ဦးစီးမှူးက ပူတာအိုလွင်ပြင်ပတ်လမ်းသည် ပူတာအိုဒေသ ခရီးသွားလုပ်ငန်းများကို အထောက်အကူပြုမည့် လမ်း ဖြစ်ကြောင်း ပြောကြားသည်။

ဖုန်ကန်(ပူတာအို)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm