Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကျင်းပ


04 Oct,2023

နေပြည်တော်၊ အောက်တိုဘာလ(၄)ရက်

              သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအစီအစဉ်ဖြင့် အမျိုးသမီးများ ဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ (၂၀)ဦးအား အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်း ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းသူများထဲမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော  ထူးချွန်သင်တန်းသား (၅)ဦးအား စက်ချုပ်လုပ်ငန်းထူထောင်ပေးနိုင်ရန် စက်ပစ္စည်းများပေးအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များ၊ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်အဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၂)က စီမံကိန်းလုပ်ငန်းအကြောင်းအား ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ထူးချွန်သင်တန်းသား(၅)ဦးအား (၁)ဦးလျှင် ကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ချုပ်လုပ်ငန်းနှင့် စပ်လျဉ်းသည့် အပ်ချုပ်စက်များ ပေးအပ်ခဲ့ပါသည်။

           ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများသည် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံကိန်းလက်စွဲစာစောင်ပါ လုပ်ငန်းစဉ်(၁၂)ရပ်အလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်း Video အား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm