Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညှင်းခရိုင်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်


04 Oct,2023

မိုးညှင်း၊အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ ရေးနှစ်အတွင်းမြို့နယ်များတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက် ရာ၌ အဆင်ပြေလွယ်ကူစေရန် နှင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီ က အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း က ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များ အတိုင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရန်နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာကသင်တန်းတွင် သင်ကြားသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းသို့ မိုးညှင်း၊မိုးကောင်း၊ဖားကန့်မြို့နယ်တို့မှ ဝန်ထမ်းစုစုပေါင်း  ၁၂ ဦး တက်ရောက်ကြ ပြီး သင်တန်းတွင်အင်္ဂလိပ်စကားပြောနှင့်ပတ်သက်သည့် သင်ခန်းစာများကို အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိကျွမ်းကျင်ဆရာများကစာတွေ့လက်တွေ့အခမဲ့သင်ကြားပို့ချပေးသွားမည် ဖြစ် ကြောင်းသိရသည်။

(၄.၁၀.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ (၂၇) ကော်လံ (၁/၂/၃/၄)တွင်ပါရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm