Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


04 Oct,2023

နတ်မောက်         အောက်တိုဘာ         ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် ကျေးရွာ သုံးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြေားကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအနေဖြင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းရန်နှင့် အကျိုးရှိစွာအသုံးချရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန့်စင်နှင့် တာဝန်ရှိသူများက တံခွန်တိုင်ကျေးရွာ၊ အိုးဘိုကျေးရွာနှင့် ကြူချောင်းကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်းတစ်ရာ့ငါးဆယ်စီကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန့်စင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာသုံးရွာမှ ကျေးရွာဖွံ့ဖြိုးရေး‌ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm