အောင်လံ အောက်တိုဘာ ၄
အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းကာ ကျေးရွာများ သန့်ရှင်းသာယာလှပပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်မွန်သော စံပြကျေးရွာများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြင်းပေါက်ကျေးရွာအုပ်စု ပြင်းပေါက် ကျေးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၄ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး လိုက်နာကျင့်သုံးရန်အချက်များ၊ သဘာဝပတ်ဝန်းကျင် တိခိုက်မှုကာကွယ်နိုင်ရန်အတွက် ပလတ်စတစ်ပစ္စည်း အသုံးပြုမှုလျော့ချရေး လုပ်ငန်းစဉ်များနှင့် ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်သိမ်းစနစ်ကို ပုံမှန်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ပြင်းပေါက်ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် အတူ ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ နှင့် ဝန်ထမ်းများ၊ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်