Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ် ကပ်ကျေးအင်းကျေးရွာ၌ မြေသားရေကန်ဆောင်ရွက်နေမှု ကွင်းဆင်း


03 Oct,2023

သာစည် အောက်တိုဘာ ၃

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်သည့် ကပ်ကျေးအင်းကျေးရွာအုပ်စု၊ ကပ်ကျေးအင်းကျေးရွာ၌ မြေသားရေကန် ဆောင်ရွက်နေမှု အား (၂၇.၉.၂၀၂၃)ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်း နှင့် အဖွဲ့မှ ကပ်ကျေးအင်းကျေးရွာအုပ်စု၊ ကပ်ကျေးအင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ (၃၅.၃၇၈)သန်းဖြင့် AquiferCo,ltd မှ တာဝန်ယူဆောင်ရွက်သည့် မြေသားရေကန် (၅၀၀’x၂၀၀’x၃’) တူးဖော်ခြင်းနှင့် တုံကင်နှစ်ခုတပ်ဆင်ခြင်း လုပ်ငန်း၁၀၀% ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm