Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နွားထိုးကြီးမြို့နယ် ညောင်ပင်ကျေးရွာတွင် VDP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


03 Oct,2023

နွားထိုးကြီး အောက်တိုဘာလ ၃

          မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှု တို့ဖြင့်ဆောင်ရွက်သော ညောင်ပင်ကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေအား ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသိန်း၊ VDP စီမံကိန်းတာဝန်ခံတို့နှင့်အတူ ညောင်ပင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာ ကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက် ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ် များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ‌ညောင်ပင်ကျေးရွာတွင် လမ်းအရှည် ၅၈၃ ပေ၊ အကျယ် ၂၀ ပေနှင့် ထု ၆လက်မရှိ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာလူထုထည့်ဝင်‌ငွေ ကျပ် ၄၅ သိန်း နှင့် ဦးစီးဌာနမှ နည်းပညာကူညီပံ့ပိုးမှုတို့ဖြင့် စက်တင်ဘာလ ပထမပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းထံက သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm