Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် အေးသန်းကုန်းကျေးရွာနှင့် အုပ်ဆပ္ပင်ကျေးရွာများအား မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကွင်းဆင်းခြင်း


03 Oct,2023

ပျော်ဘွယ်    အောက်တိုဘာလ  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော အေးသန်းကုန်းကျေးရွာနှင့် အုပ်ဆပ္ပင်ကျေးရွာတို့အား ရမည်းသင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာခိုင် တို့နှင့်အတူ  ၎င်းကျေးရွာများသို့ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က ကျေးရွာသူ/ သားများနှင့်တွေ့ဆုံကာ  မြစိမ်း‌ရောင်ကျေးရွာစီမံကိန်းအတိုးဖြင့် ဆောင်ရွက်လျက်ရှိသာ ကွန်ကရစ်လမ်းကြီးအား ရေရှည်တည် တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ၎င်းကွန်ကရစ်လမ်းကြီးအား ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် စည်းလုံးညီညွတ်စွာအောင်မြင်အောင် ဆောင်ရွက်နိုင်သည့်အတွက် ဂုဏ်ယူမိကြောင်းပြောကြားပါသည်။

ထို့နောက် အေးသန်းကုန်းကျေးရွာမြစိမ်းရောင်စီမံကိန်းအတိုးရငွေမှ (၁၁.၅) သန်း၊ ပြည်သူထည့်ဝင်ငွေ (၅.၆၈)သန်း၊ စုစုပေါင်း(၁၇.၁၈)သန်း( ၆၃၀’ x ၁၂’ x ၆’ ) ကျေးရွာတွင်းကွန်ကရစ်လမ်းခြင်းလုပ်ငန်းနှင့် အုပ်ဆပ္ပင်ကျေးရွာမြစိမ်းရောင် စီမံကိန်းအတိုးရငွေမှ (၁၂.၀) သန်း၊ ပြည်သူထည့်ဝင်ငွေ (၅.၉၃)သန်း၊ စုစုပေါင်း(၁၇.၉၃) သန်း( ၆၅၈’ x ၁၂’ x ၆’ ) ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm