Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေးဒရဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


04 Oct,2023

ဒေးဒရဲ အောက်တိုဘာ ၃

          ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

         အဆိုပါလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကို ဦးဆောင်၍ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့်ယမင်းဧရာကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပဆင-ဘုရားချောင်းလမ်း ကျောက်ချောလမ်းခင်းကျင်းနေမှုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ပဆင-တညင်ကုန်း- သဲကုန်း- ကုန်းတန်းကလေး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

        အဆိုပါကျေးရွာချင်းဆက်လမ်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ တညင်ကုန်း- သဲကုန်း-ကုန်းတန်းကလေး ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာခုနစ်ရွာရှိ ကျေးလက်နေပြည်သူ ၄၂၇၂ ဦးနှင့် ဘုရားချောင်းလမ်းပြီးစီးပါက အဆိုပါလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာသုံးရွာရှိ ကျေးလက်နေပြည်သူ ၁၂၁၂ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm