ဘိုကလေး အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဘိုကလေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြင်းကကုန်း- သကံလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၀/၂)မိုင် ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကို၊ ဖျာပုံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြင်းကကုန်း – သကံလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက လမ်းတည်ရှိရာ ပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာနှင့် ဒေသခံ လူဦးရေ ၅၂၀၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်