Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


03 Oct,2023

နေပြည်တော် အောက်တိုဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း ကျေးရွာသို့ရောက်ရှိပြီး မိုးလွင် လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းအမှုဆောင် များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး နှင့် အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ မိသားစုတစ်စုချင်းစီ၏ ဝင်ငွေတိုးပွားရေး၊ မိုးသီးနှံ အပြီး ဆောင်းသီးနှံ၊ နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများ အပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေ လိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ချေးငွေများ၊ မြစိမ်းရောင်စီမံကိန်းချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များကို သတ်မှတ်ကာလအတွင်း အပြေအကြေပေးဆပ်ကြရန် ပြောကြားကာ အသင်းသားတောင်သူ များ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူ (၂၅) ဦး၏ စိုက်ပျိုး မြေဧက (၁၂၀) တွင် မိုးစပါး စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်မြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရား ဂိုဒေါင်အား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်လင်းက စက်၊ ယာဉ်၊ ယန္တရားများ ထိန်းသိမ်းထားမှုများ၊ လုပ်ငန်းခွင် လက်တွေ့အသုံးပြုနေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်ပိုင် စက်၊ ယာဉ်၊ ယန္တရားများအား မိမိပိုင်ပစ္စည်းကဲ့သို့ ရိုသေစောင့်ရှောက်ပြီး စနစ်တကျ စည်းကမ်းရှိစွာ ကိုင်တွယ်အသုံးပြုရမည် ဖြစ်ကြောင်း၊ စက်၊ ယာဉ်၊ ယန္တရာများ ရေရှည် အသုံးပြုနိုင်ရေးအတွက် ပြင်/ ထိန်း လုပ်ငန်းများအား သတ်မှတ်ကာလအလိုက် ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားကာ စက်၊ ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်းဆောင်ရွက် နေမှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ စနစ်တကျ သိုလှောင်ထားမှုများ၊ ဝန်ထမ်း အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းရှိ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ရုံးတွင်လည်းကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးတွင်လည်းကောင်း ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်၊ ရုံးများ သန်းရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်းစည်းလုံး ညီညွတ်မှု တည်ဆောက်ရန်၊ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးရေး လုပ်ငန်းများကို စေတနာထား ဆောင်ရွက်ပေး ကြရန်နှင့် ဝန်ထမ်း သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထား ဆောင်ရွက် ပေးကြရန် မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm