Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း(Cash For Work)ဆောင်ရွက်မည့်ကျေးရွာများ၌ ကျေးရွာကော်မတီဖွဲ့စည်းပေးခြင်း”


03 Oct,2023

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ပုဏ္ဏားကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု   ဘဏ္ဍာရေးနှစ် တွင်     အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း   (Cash For Work)ကို  ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာ(၁၀)ရွာအား ဆောင်ရွက်ပေးမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့်    ရဲရိုးပြင်ကျေးရွာ၊ခမောင်တောကျေးရွာတွင်(၂.၁၀.၂၀၂၃)ရက်နေ့နှင့် ပလီမော်ကျေးရွာတွင် (၃.၁၀.၂၀၂၃) ရက်နေ့တို့တွင်စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းများကို ကျေးရွာသူ/သား များ၏သဘောဆန္ဒနှင့်အညီ ဆောင်ရွက်နေမှုအား    မြို့နယ်ဦးစီးမှူး   ဒေါ်အိန္ဒာကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊    နှင့်   တာဝန်ရှိဝန်ထမ်းများ အဖွဲ့တို့ကပူးပေါင်းဖွဲ့စည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm