ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်၊ ခရိုင်နှင့် မြို့နယ်ရှိ တာဝန်ခံအင်ဂျင်နီယာများမှ ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာအုပ်စု၊ လက်ပံကုန်း(မ) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်း အုတ်ခုံခံသံဘောင် ယက္မ ကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းအား ယနေ့နံနက်ပိုင်းအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျွဲနွား ထောက်ကျေးရွာအုပ်စု၊ လက်ပံကုန်း(မ)ကျေးရွာတွင် စီမံကိန်းထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူ့ ထည့်ဝင်ငွေ(၁၆.၅)သန်းဖြင့် ကျေးရွာတွင်း အုတ်ခုံခံသံဘောင်ယက္မကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့၍ ခရိုင်ဦးစီးမှူး ဦးဇေယျာညိုမှ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သတ်မှတ်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်