Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လေးမျက်နှာမြို့နယ်၌ ခမောက်စုကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းတံတားဆောင်ရွက်နေမှုအားစစ်ဆေး


03 Oct,2023

လေးမျက်နှာ     အောက်တိုဘာ     ၃
 
        ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာ၌ ခမောက်စု-နွယ်နီရိုး-ဒိုက်ပျက် ကျေးလက်ကုန်ထုတ်လမ်းတံတားဆောင်ရွက်နေမှုအခုအနေများကို တာဝန်ရှိသူများက အောက်တိုဘာ ၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့်လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဦးစိုးကျော်သူနှင့်အင်ဂျင်နေယာဝန်ထမ်းများက တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့်ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီတင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည်မိုင် ၁မိုင် ‌၆ဖာလုံ၊လမ်းအကျယ် ၁၂ပေ၊ အမြင့် ၉လက်မထု၊အလျား၂၅ပေ၊အကျယ် ၁၄ပေ၊အမြင့် ၁၅ပေရှိ ကွန်ကရစ်တံတား(၁)စင်းနှင့်အလျား ၂၀ပေ၊အနံ ၁၄ပေ၊၆ဒသမ၅ပေရှိသော ကွန်တကရစ်တံတား ဆောင်ရွက်နေမှုများနှင့်Slap Culvert(၂) စင်းတည်ဆောက်နေမှုများအား တိုင်းတာစစ်ဆေးခဲ့ပြီး ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်သက်ရှည်က တင်ဒါရကုမ္ပဏီဖြစ်သည့် Myanmar Amazing Power company မှ တာဝန်ရှိသူများအားဆောင်ရွက်ရန်ကျန်ရှိနေသောလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ချိန်တွင်း ပြီးစီးဆောင်ဆောင်ရွက်ရန် လမ်းညွှန်မျာ
ကြားခဲ့သည်။
            လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြရန်ပုံငွေကျပ်၂၇၄ဒသမ၂သန်း ဖြင့် Myanmar Amazing Power company က ဇွန်လ တတိယအပတ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးလက်ကုန်ထုတ်လမ်းဆောင်ရွင်ပြီးစီးပါက ခမောက်စုကျေးရွာရှိ စိုက်ပျိုးဧက ၃၁၅၀မှထွက်ရှိသော သီးနှံများအား‌ ဈေးကွက်သို့သယ်ယူရောင်းချရာတွင် အလေအလွင့်မရှိရောင်းနိုင်မည်ဖြစ်ကြောင်း ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm