ဟင်္သာတ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဟင်္သာတမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပဆင-ဒူးယား-ရွှေတောင်သာရလမ်း ကျောက်ချောလမ်း ခင်းခြင်းနှင့် မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများပြီးစီးမှုအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကို၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကိုကိုသိန်းဇော်လင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၃ ဒသမ ၁၇၅ သန်းဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၁ ရွာ၊ အိမ်ခြေ ၁၇၉၄ အိမ်၊ လူဦးရေ ၇၅၆၅ ဦးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်