မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညောင်ပင်ကြီး -ငါးဆောင် ကျေးရွာချင်းဆက်လမ်း၌ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ဇင်လတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းစိုးနှင့် တာဝန်ရှိသူများက မကွေးမြို့နယ် ညောင်ပင်ကြီး-ငါးဆောင် ကျေးရွာချင်းဆက်လမ်း၌ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ဇင်လတ်က ရေကျော်ချဉ်းကပ်လမ်းကို စနစ်တကျဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ ညောင်ပင်ကြီး-ငါးဆောင် ကျေးရွာချင်းဆက်လမ်း၌ အရှည်ပေ ၅၀၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၀ ဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့၍ ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကန်နှစ်ဆင့်၊ ညောင်ပင် ကြီး၊ ငါးဆောင် စသည့် ကျေးရွာသုံးရွာရှိ အိမ်ခြေ ၆၉၆ အိမ်၊ လူ ၃၁၀၂ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ဇင်လတ်က ပြောပြ၍ သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်