ရွှေကူ စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပန်းတင်-မြိုင်သာ-လမ်းကူး-ခေါလဲ-တာလီ-စင်းဖုတ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဦးမိုင်းရင်နှင့် တာဝန်ရှိသူများက ပန်းတင်-မြိုင်သာ-လမ်းကူး-ခေါလဲ-တာလီ-စင်းဖုတ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် Road Sign များ တပ်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။
ပန်းတင်-မြိုင်သာ-လမ်းကူး-ခေါလဲ-တာလီ-စင်းဖုတ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ အရှည် တစ်မိုင်၊ အကျယ် ၁၈ ပေနှင့် အမြင့် ခုနစ်လက်မဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် ၅ဝ၉ ဒသမ ၂၄၅ သန်းဖြင့် ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ပထမပတ်ကစ၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပြီးစီးမှုကြောင့် ပန်းတင်၊ မြိုင်သာ၊ လမ်းကူး၊ ခေါလဲ၊ တာလီ၊ စင်းဖုတ်ကျေးရွာတို့မှ ပြည်သူများ ရာသီမရွေး သွားလာနိုင်ခြင်း၊ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လျင်မြန်စွာ ပို့ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
မင်းမြင့်မိုရ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်