Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမသင်တန်းကျောင်း(မော်လမြိုင်)တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ


08 Jun,2022

 

သက်မွေးပညာသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သမဝါယမသင်တန်းကျောင်း၌ ဇွန်လ ၇ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သမဝါယမသင်တန်းကျောင်းအုပ်က သက်မွေးပညာသင်တန်းကျောင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ၊ ဆရာမများ အနေဖြင့် သင်တန်း၏ရည်ရွယ်ချက်များ ပေါက်မြောက်အောင် အဓိကထားဆောင်ရွက်ရန်၊ အရည် အချင်းပြည့်ဝသည့် လူငယ်များပေါ်ထွက်လာရေး ပြုစုပျိုးထောင်သင်ကြားပေးရန်နှင့် သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းရေးရာကိစ္စများ စနစ်တကျဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

သက်မွေးပညာသင်တန်းကျောင်းကို ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်‌စေရန်နှင့် သက်မွေးပညာ သင်ယူတတ်မြောက်သူများထဲမှ ထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ သက်မွေးပညာသင်တန်းကျောင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၆)ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့စရိတ်နှင့် နယ်ဝေးမှ တက်ရောက်သူများအတွက် နေထိုင်ရေး အဆောင်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm