Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ်၌ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


03 Oct,2023

ရေနံချောင်း အောက်တိုဘာ ၂

         မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ချိုင်း-သစ်မြင်တော-ညောင်ပင်ဝန်း ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေနံချောင်းမြို့နယ်၌ ချိုင်း-သစ်မြင်တော- ညောင်ပင်ဝန်းကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

           အဆိုပါ ချိုင်း-သစ်မြင်တော-ညောင်ပင်ဝန်း ကျေးရွာချင်းဆက်လမ်းအရှည် တစ်မိုင် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၀ ဒသမ ၂၁၇၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် မင်းဒင်ကုမ္ပဏီက ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးပါက ချိုင်း၊ သစ်မြင်တော၊ ညောင်ပင်ဝန်းကျေးရွာတို့ရှိ အိမ်ခြေ ၄၅၂ အိမ်၊ လူ ၂ဝဝ၂ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးက ပြောပြ၍ သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm