ဓနုဖြူ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုရာတွင် တာဝန်ရှိသူများက ဓနုဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တော်ဝ-ကျားချောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ကျုံတနီး-အင်းရပ်-အင်္ဂလာလမ်း ကျောက်ခင်းခြင်း၊ ဖားအိုင်- နတ်ကြီးချောင်းလမ်း ကျောက်ခင်းခြင်း၊ ရေတွင်းကုန်း-ကင်ပွန်းချောင်း လမ်းပေါ်ရှိ Box Culvertတွင် Retaining Wallတည်ဆောက်ခြင်းလုပ်ငန်း တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဓနုဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)(တာဝန်) ဒေါ်ချမ်းမြေ့သူနှင့် တင်ဒါအောင်ကုမ္ပဏီများ၏ လမ်းတာဝန်ခံ အင်ဂျင်နီယာများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်