Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


02 Oct,2023

နေပြည်တော်၊ အောက်တိုဘာ ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနရှိ အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့နေ့လည်ပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် သင်တန်းသား သင်တန်းသူစုစုပေါင်း ၂၇၀ ဦး တက်ရောက်ကြ သည်။

အခမ်းအနားတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက အမှာစကား ပြောကြားရာ၌ သမဝါယမဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာပေးရေးကဏ္ဍသည် အရေးကြီးသောအခန်း ကဏ္ဍတစ်ခုဖြစ်သည့်အတွက် ဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်အတွက် လုပ်ငန်း ခွင်မပျက် ပညာသင်ယူနိုင်စေရန် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်သည့် တောင်သူများအား သမဝါယမအသင်းများ ဖွဲ့စည်းပြီး လိုအပ်သည့် မတည်ရင်းနှီးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများမှ အသုံးပြုဆောင်ရွက်ရန်၊ နည်းပညာနှင့် သွင်းအားစုများကိုလည်း ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် မျိုးကောင်းမျိုးသန့်စပါးများနှင့် ကြက်၊ ဝက်၊ နွားမွေးမြူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပြီး အသင်းများ အောင်မြင်စေရန် ကြီးကြပ် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။ တစ်ဧကစပါးတင်းတစ်ရာထွက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်းပညာ စသည့် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း။

ယခုသင်တန်းတွင် သင်ကြားခဲ့သည့် သမဝါယမအသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး OVOP လုပ်ငန်းအတွက် Pilot Project ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံတော်ဘတ်ဂျက် များဖြင့်ဆောင်ရွက်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများနှင့်  အသင်းပိုင်ငွေဖြင့် ဆောင်ရွက်သော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့ဖြင့် မိုးစပါးလုပ်ငန်းဆောင်ရွက်ခြင်း၊ S.O.P လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ စာရင်းစစ်ဆေးခြင်းများ အခြေခံပြီး သမဝါယမအသင်း အဆင့်ဆင့်တို့တွင် ဆွေးနွေးစည်းရုံးညှိနှိုင်းပေါင်းစပ်ပြီး ကျေးလက်နေပြည်သူများနှင့် အခြေခံလူတန်း စားများ၏ လူမှုစီးပွားဘဝမြင့်မားအောင် ကူညီဆောင်ရွက်သွားကြစေလိုကြောင်း။

          အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ သင်တန်းသား သင်တန်း သူ ၁၅၀ ဦး တက်ရောက်ခဲသည်။ သင်တန်းတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများမှ စဉ်းစားတွေးခေါ်မှုပြောင်းလဲခြင်း၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် သတင်း/ပညာ၊ ရုံးလုပ်ငန်းဘာသာရပ်နှင့် ဝန်ထမ်း စည်းမျဉ်း၊ စာရင်းစစ်ဆေးခြင်းနှင့် ဘဏ္ဍာရေးစဉ်းမျဉ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့်ဆောင်ရွက်သည့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေနှင့် အသင်းပိုင်ငွေဖြင့် ဆောင်ရွက်သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် မိုးစပါးလုပ်ငန်းဆောင်ရွက်ခြင်း S.O.P လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ်(၂)ခုအား ဆွေးနွေးပို့ချခြင်း၊ လက်ရှိဆောင်ရွက်နေသော သမဝါယမအသင်းများအခြေအနေနှင့် ကုန်ထုတ်၊ ဝန်ဆောင်သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်း၊ စီမံခန့်ခွဲမှုနှင့် သုတေသနနှင့်စာရင်းအင်း၊ သမဝါယမအသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး OVOP လုပ်ငန်းအတွက် Pilot Project ဆောင်ရွက်ခြင်း၊ သမဝါယမ (မြစိမ်းရောင်)စီမံကိန်း ဆောင်ရွက်ခြင်း၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် ကုန်သွယ်သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်း၊ အခြေခံ စာရင်းရေးနှင့်စာရင်းကိုင်ပညာ၊ အခြေခံသမဝါယမအသင်းများတွင် ထားရှိရမည့်စာရင်းဇယား ၈ မျိုး ရေးသွင်းနည်းဘာသာရပ်များကို အသီးသီးသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm