အင်္ဂပူ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ ရွှေတောင်စု- ကညင်ဆိပ်လမ်း ကျောက်ခင်းခြင်းနှင့် ဆင်သေ-အိုးကွဲ-အင်းကောက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွေးကိုကို၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကို သိန်းဇော်လင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
အင်္ဂပူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဌာနက ဆောင်ရွက်သော ရွှေတောင်စု - ကညင်ဆိပ်လမ်း( အကျယ် ၁၄ ပေ၊ အမြင့် ၁၄လက်မ၊ အရှည် ဝ/၃ ဒသမ ၅၃ မိုင်) ကျောက်ခင်းခြင်းဆောင်ရွက်ပြီးစီးမှုနှင့် Forever One ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သော ဆင်သေ-အိုးကွဲ-အင်းကောက်လမ်း(အရှည် ၀/၄ ဒသမ ၅၂မိုင်၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၄ လက်မ) ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်