ဇလွန် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပဆင - ဂွေးကုန်း ထောက်ရှာကွင်း - ပိတောက်ကုန်း - သရက်တပင် ( မြောက် )လမ်း ကျောက်ချောလမ်းခင်းခြင်း ၊ ပဆင - ကြွေမန်း - လမိုင်း - သဖန်းကုန်း လမ်း ကွန်ကရစ်လမ်းခင်းခြင်း ၊ ပဆင - ညောင်ပင်သာ - ကြာအင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး( မြို့ပြ)၊ ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ ) နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေး
ဇလွန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သော ဇလွန်မြို့နယ် ပဆင - ဌေးကုန်း - ထောက်ရှာကွင်း - ပိတောက်ကုန်း - သရက်တပင် (မြောက်)လမ်း ( ၁ / ၂ ဒသမ ၄ ) မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု၊ Min Nanda Aung Co; Ltd. မှ တာဝန်ယူဆောင်ရွက်သော ပဆင- ကြွမန်း - လမိုင်း - သဖန်းကုန်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း အရှည် ( ၀ / ၄ ) မိုင် ၊ အကျယ် ၁၂ ပေ ၊အမြင့် ခုနစ် လက်မ ၊ Mega Resource Co ; Ltd. မှ တာဝန်ယူဆောင်ရွက်သော ပဆင - ညောင်ပင်သာ - ကြာအင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း အရှည် (၀ / ၄) မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇလွန် ( ပြန် /ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်