နေပြည်တော် စက်တင်ဘာ ၂၉
သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်များက တာဝန်ယူ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကြို့ကုန်း-ကံလည် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကြို့ကုန်းတံတား တည်ဆောက်နေမှု အခြေအနေများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဇာလှိုင်သန်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၂၂၃ ဒသမ ၃၈၈ သန်းဖြင့် မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အရှည်ပေ ၁၂ဝ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ယင်းတံတားကို အသုံးပြု၍ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကိစ္စရပ်များအတွက် အမြန်ဆုံး ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့်မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
သန်းမင်းအောင် (သတင်းစဉ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်