မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သီတာရပ်ကွက်ရှိိ မြသီတာအထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အ.မ.က(၁၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် အသင်းသူ/အသင်းသားများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော် က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြား ခဲ့ပြီး အသင်းမှ အသင်းသားချီးမြှင့်ငွေကျပ် ၁၉၂၈၅၀၀ ၊ အစုပေါ်အမြတ်ငွေကျပ် ၂၅၃၆၃၀၀ ၊ စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၉၀၂၄၀၀ ၊ တက်ရောက်လာသော အသင်းသူ/ အသင်းသားများအား စရိတ်ငွေကျပ် ၂၀၄၀၀၀ ၊ စုစုပေါင်းငွေကျပ် ၆၅၇၁၂၀၀ ကို အသင်းသားများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်