မုံရွာ စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်(အသင်းသစ်) ဖွဲ့စည်းရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့် က တိုင်းဒေသကြီးဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်း ရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း များအား သက်သာချောင်ချိရေးနှင့် ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိရေးကို အထူးအလေးထား၍ တိုင်းဒေသကြီးဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့် ဝန်ထမ်းများအားလုံး ပါဝင်နိုင်ပါကြောင်း၊ အတိုးနှုန်း သက်သာစွာဖြင့် ဝန်ထမ်းများချေးငွေများ ချေးယူနိုင်ကြောင်း၊ ငွေထုတ်ချေးရာတွင် သာမန်ချေးငွေ အား (၁၀)ဆပ်စနစ်ဖြင့်လည်းကောင်း၊ အထူးချေးငွေအား လ(၂၀)ဆပ်စနစ်ဖြင့်လည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဆန္ဒအလျှောက် လစဉ်စုဆောင်းငွေထည့်ဝင်နိုင်ပြီး ယင်းစုဆောင်းငွေပေါ်တွင်လည်း အတိုးငွေများ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ငွေစု ငွေချေးသမဝါယမအသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသင်းသား၏ရပိုင်ခွင့်များ၊ သမဝါယမ အသင်းများတွင် ငွေကြေးစုဆောင်းခြင်း၊ ငွေစုဆောင်းရမည့်နည်းလမ်းများ၊ ငွေကြေးစုဆောင်း ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောတိုင်းဒေသကြီး/ခရိုင်/မြို့နယ်များရှိ ဌာနဆိုင်ရာကိုယ်စားလှယ် များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြန်လည်ဖြေကြားပေးပြီး နိဂုံးချုပ်စကားပြောကြားပြီး အကြိုအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်