ပန်းတနော် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၃-၂ဝ၂၄ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက ပိန်းချောင်း--စံကျ-အစုကြီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတောချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဆင်လမ်း မှ မတ်-နွေလမ်းစု-မွေ့ပင်တော်တရလေးလမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ထွန်းပအရှေ့စု-ပျဉ်ဘိုး-ကူးတို့ဆိပ်-ထွန်းပမြောက်-ထွန်းပတောင်-မယ်လမ်းပျော်လမ်း ကျောက်ချောခင်းခြင်းနှင့် ဆင်လမ်းမှ ဆုတောင်းပြည့်- အိမ်မဲကားလမ်းသို့ ဆက်သွယ်သည့်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) (တာဝန်) ဒေါ်စုမြတ်မွန်နှင့် မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးတို့က လမ်းခင်း ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ကုမ္ပဏီများ၏ လမ်းတာဝန်ခံ အင်ဂျင်နီယာများက မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လမ်း/တံတားလုပ်ငန်းများနှင့် ပတ် သက်၍ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်